ရန်ကုန် ၊ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိအချိန်တွင် မဲရုံမှူးကမဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကိုစတင်ခဲ့သည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက် (၂၂ )ရပ်ကွက်ရှိပြီး မဲရုံ ၃၉ ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက်မဲရုံများတွင် အေးချမ်းလုံခြုံစွာ မဲပေးနေလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment