ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပရာ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် မဲပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပရာ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် မဲပေးလျက်ရှိ

Uploading: 2660847 of 2660847 bytes uploaded.


ဝါးခယ်မ  ၊ ဇန်နဝါရီ   ၁၁

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်း(၂) အနေဖြင့် မြို့နယ်ပေါင်း (၁၀၀) တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၁၉၂၆၉၃) ဦး ရှိပြီး၊ ကျေးရွာ အုပ်စု (၁၄၅) အုပ်စုတွင်  မဲရုံပေါင်း (၂၃၁) ရုံ ဖွင့်လှစ်ကာ ပြည်သူများ ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဝါးခယ်မမြို့နယ်တွင် နိုင်ငံရေးပါတီ (၈)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၈)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် FPTP (၅)ဦးနှင့် PR (၁၇) ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် FPTP (၆)ဦးနှင့် PR (၅၃) ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်စေရေး၊ ဆန္ဒမဲများနှင့်ပတ်သက်၍ အမှားအယွင်းမရှိစေရေးအတွက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှ စတင်ကာ စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီး အမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်းမဲရုံကိုယ်စားလှယ်များအား ပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေငြာခဲ့သည်။

မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီဆောင်ရွက်မှုများ၊ အတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)