မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေသူများအား လိုက်လံကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေသူများအား လိုက်လံကြည့်ရှုအားပေး

Uploading: 1961371 of 1961371 bytes uploaded.


စဉ့်ကိုင်  ၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဝန်ကြီးများ၊ အတွင်းရေးမှူးဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ဇန်နဝါရီလ ၁၁ ရက်‌‌ နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာရှိ အထက(ဆည်ရွာ) မဲရုံအမှတ်(၁)၌ လည်း‌ကောင်း၊ ပလိပ်ကျေးရွာရှိ အထက(ပလိပ်) မဲရုံအမှတ် (၄)၌ လည်းကောင်း၊ တဘက်ဆွဲ‌ကျေးရွာရှိ အထက(ခွဲ) (တဘက်ဆွဲ) မဲရုံအမှတ်(၁)၌ လည်းကောင်း ဆန္ဒမဲလာရောက်ပေးနေမှုအား လိုက်လံကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။ဦးစွာတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရောက်ရှိစဉ် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးမြင်နိုင်၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစီးအရာရှိ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုများအား ကြည့်ရှုအာပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)