ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ )
နိုဝင်ဘာလဆန်းပိုင်းက ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီသည် ထိုင်ဝမ်နဲ့ ပတ်သက်ပြီး စစ်ရေးအရ ပါဝင်ပတ်သက်မှု လုပ်မယ်လို ပြောခဲ့တဲ့အတွက် တရုတ်အစိုးရက အကြာဆုံး အစိုးရအားလပ်ရက်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးကာလမှာ ဂျပန်ကို ခရီးသွားခြင်းမပြုဖို့ တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
“တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ ရာဇဝတ်မှုများ မြင့်တက်လာခြင်း” နဲ့ ဂျပန်မှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်ဖြစ်နေဦးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံသားများအနေနဲ့ ဂျပန်နိုင်ငံတွင် ပြင်းထန်သော လုံခြုံရေး ခြိမ်းခြောက်မှုများ ကြုံတွေ့ရနိုင်တယ်ဆိုပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ အရေးယူမယ်ဆိုရင် ဂျပန်ကလည်း အလားတူတုံ့ပြန်မှုတွေ လုပ်မယ်ဆိုလို့ တရုတ်က ပိုကုန်ကန့်သတ်ချက်များ၊ လေကြောင်းလိုင်းပျံသန်းမှု ဖျက်သိမ်းမှုများနှင့် နိုင်ငံပိုင်မီဒီယာများရဲ့ မှတ်ချက်များဖြင့် တုံပြန်ခဲ့ပါတယ်။ ထိုင်ဝမ်အရေးကို ဝင်ရောက်စွက်ဖက်ရန် အင်အားသုံးပါက ဂျပန်ကိုလည်း စစ်ရေးအရ အရေးယူသွားမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကာချီရဲ့ မှတ်ချက်ကြောင့် တရုတ်လေကြောင်းလိုင်းများက ၎င်းတို့ရဲ့ မူဝါဒများကို နိုဝင်ဘာလတွင် စတင်ကြေညာခဲ့ပြီး ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံသို့ တရုတ်ခရီးသွားဦးရေ ၄၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ခုနှစ် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ တရုတ် ခရီးသွားအရေအတွက်က စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဂျပန်ခရီးသွားလုပ်ငန်းဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
REF: Japan Times
#MNP #News


No comments:
Post a Comment