မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး







မြောက်ဥက္ကလာပ၊ ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယ‌နေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော် ကိုယ် စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံအသီးသီးတွင် မဲပုံများအား နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီး၊ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံစတင် ဖွင့်လှစ်ကြောင်း ကြေငြာခဲ့ပြီး မဲရုံအသီးသီး၌ မဲရုံဖွင့်လှစ်ချိန်မှ စတင်၍ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင် လုံခြုံရေးဆောင် ရွက်‌ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု ၊ မဲရုံ (၁၄၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း (၂၀၃၆၁၉) ဦး ရှိရာ ပြည်သူများ ဆန္ဒမဲ လာရောက် ပေးလျက်ရှိသည်။ မြောက်ဥက္ကလာမြို့နယ်တွင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၈) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၆)၊ ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၇) ဦး ၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် (၄) ကိုယ်စားလှယ်တို့အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)