မုံရွာ ၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာမုံရွာမြို့ပေါ်ရှိ ပင့်သံဃာဆရာတော်ကြီးများမှ မုံရွာမြို့သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင် ပူဇော်ကြသည်။
ယင်းနောက် အဆိုပါစေတီတော်ကြီးရင်ပြင်ရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အခမ်အနားသို့ တက်ရောက်လာသူများမှ “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ထို့နောက်နိုင်ငံတော်ဩဝါစရိယ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ်ချီးမြင့်တော်မူသည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက နာယူ ကြည်ညိုကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းပြီးစီးမှု အဆင့်ဆင့်တို့အား ဩဝါဒါစရိယဆရာတော်ကြီးများထံ တင်ပြ လျှောက်ထားသည်။
ယင်းနောက် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ မဟာဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆို ဆု တောင်းကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ဖူးမျှော်ကြည်ညို ခဲ့ကြပြီး စေတီတော်ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်ရေးတို့အား ဆောင်ရွက် သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဉာဏ်တော် ၁၃၅ ပေအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့်ငွေကျပ်သိန်းပေါင်း - ၂၃၀၀၀ ခန့်၊ ရွှေဆိုင်းပေါင်း ၆၈၆၈ ဖြင့် စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်း ခန်းမရင်ပြင်တွင်ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်း ထမနဲထိုးပွဲသို့ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲတွင် အသုံးပြုမည့် ပါဝင်ပစ္စည်းများ ပြင်ဆင်ခင်းကျင်းထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊သယံဇာ တရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များမှ စုပေါင်းထမနဲထိုးကြမည့်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး တစ်ပျော် တစ်ပါး စုပေါင်းထမနဲထိုးနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချင်းတွင်းခန်းမအတွင်း စုပေါင်းထမနဲထိုးခဲ့ကြသည့် ဝန်ကြီးဌာနအသင်းများအား တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူတကွ တစ်ပျော်တစ်ပါး သုံးဆောင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment