တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ စိတ်အားထက်သန်စွာ တက်တက်ကြွကြွ ဆန္ဒမဲလာရောက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ စိတ်အားထက်သန်စွာ တက်တက်ကြွကြွ ဆန္ဒမဲလာရောက်ပေးလျက်ရှိ









တာမွေ၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)တွင် ယနေ့နံနက်ပိုင်းအချိန်က လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြား သောကလေးများကျောင်း(ရန်ကုန်)မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ကျောင်းသား/သူလေးများအနေဖြင့် မည်သည့် ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ကျောင်းသား/သူ လေးများ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ဆန္ဒမဲလာရောက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ တာမွေ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် သက် ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦး‌ရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ ယနေ့ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ(၉)ခုရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ကရင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် လောင်း(၆)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း(၃၂)ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။


နိုင်လင်းအောင် (တာမွေ)

#MNP #News #Election


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)