နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း မြေနမူနာဓာတ်ခွဲစမ်းသပ်နိုင်ရေးနှင့် နမူနာကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း မြေနမူနာဓာတ်ခွဲစမ်းသပ်နိုင်ရေးနှင့် နမူနာကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Uploading: 2411386 of 2411386 bytes uploaded.


နေပြည်တော် ၊  ဇန်နဝါရီ  ၉

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြေနမူနာကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၄၀/၁)၊ ကွင်းအမှတ် (၁၆၇၁)ကွင်း၊ တောင်သူ ဒေါ်ခေါင်ရွယ်၏ လယ်အတွင်းရှိမြေများအား ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြေနမူနာကောက်ယူခြင်းနှင့်   ရွာမကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၃၆)၊ ကွင်းအမှတ် (၁၆၇၂)ကွင်း၊ တောင်သူ ဦးဇော်လွင်၏ လယ်အတွင်းရှိမြေများအား ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် မြေနမူနာကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်မှုပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင်က စိုက်ပျိုးမည့်မြေများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ မြေဆီလွှာအမျိုးအစားများကို စမ်းသပ်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေဆီလွှာအနေအထားကိုမူတည်ပြီး လိုအပ်သည့် သွင်းအားစုများကို စနစ်တကျ ထည့်သွင်းဆောင်ရွက်မှသာလျှင် သီးနှံများ အောင်မြင်ဖြစ်ထွန်းမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စနစ်တကျ စိုက်ပျိုးစေရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၇၂)အတွင်းရှိ New Asia ကုမ္ပဏီမှ နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအား စပါးနှင့် ဆောင်းသီးနှံများ အထွက်နှုန်းရရှိစေရေး မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး နေပြည်တော်ကောင်စီ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)