ဇန်နဝါရီ - ၂ ( သောကြာနေ့ )
ဒီအပတ် တနင်္လာနေ့တုန်းက ဗင်နီဇွဲလားနိုင်ငံကမ်ခြေတစ်ခုက စက်ရုံတစ်ရုံကို အမေရိကန်ရဲ့တိုက်ခိုက်မှုက အမျိုးသားလွတ်မြောက်ရေးတပ်မတော်( ELN) ပိုင်ဆိုင်တဲ့ မာရာကိုင်ဘိုရှိ ကိုကင်းထုတ်လုပ်တဲ့ စက်ရုံကို တိုက်ခိုက်ခဲ့တာပါလို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုက ပြောကြားခဲ့ပါတယ်။
ကိုကင်းအနှစ်တုံးတွေကို ကိုကင်းမှုန့် အဖြစ် သုံးလို့ရအောင် လုပ်တဲ့ စက်ရုံဖြစ်ပြီး ကိုလံဘီယာပြောက်ကျားအဖွဲ့ ELN နဲ့ တိုက်ရိုက်ချိတ်ဆက်ကာ မူးယစ်ဆေးဝါးလုပ်ဆောင်နေတဲ့စက်ရုံဖြစ်ပါတယ်။ အဲ့ဒိစက်ရုံက ကိုကင်းဖြန့်ချိဖို့အတွက် ဗျူဟာမြောက် နယ်စပ်ဒေသဖြစ်တဲ့ ကာတာတွန်ဘိုဒေသတွင် အခိုင်အမာတည်ရှိနေပြီး ကိုလံဘီယာပြောက်ကျားအဖွဲ့နှင့် တိုက်ရိုက်ချိတ်ဆက်ထားကြောင်း ပီထရိုက ပြောပါတယ်။
"ထရမ့်က မာရာကိုင်ဘိုမှာရှိတဲ့ စက်ရုံတစ်ခုကို ဗုံးခွဲခဲ့တာကို ကျနော်တို့ သိပါတယ်။ ELN က သူ့ရဲ့ ရာဇ၀တ်မှုတွေနဲ့ တင်းကျပ်တဲ့ အတွေးအခေါ်တွေကြောင့် ဗင်နီဇွဲလားကို အမေရိကန် ကျူးကျော်လာနိုင်အောင်လုပ်ပေး နေသလိုဖြစ်နေပါတယ်” လို့ ပီထရိုက သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
ဗင်နီဇွဲလားပိုင်နက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်နွှယ်နေသည့် ကြီးမားသော စက်ရုံတစ်ခုကို အမေရိကန်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့် က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
ဒေသတွင်း မီဒီယာတွေကတော့ ဗင်နီဇွဲလား ဆိပ်ကမ်းစက်ရုံကိုတိုက်ခိုက်မှုက စီအိုင်အေရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာလို့ ဖော်ပြကြပါတယ်။ ကာရေဘီယံပင်လယ်အတွင်းမှာ ထရမ့်က စစ်တပ်များ ချပြီး မူယစ်ဆေးဝါးတင်ဆောင်လာတဲ့ သင်္ဘောတွေကို ဒုံကျည်းတွေနဲ့ ပစ်ပြီး တိုက်ခိုက်နှစ်မြုပ်နေတာက အမှန်တော့ မူးယစ်ဆေးဝါးလှေတွေမဟုတ်ဘဲ ဆေးခြောက်တင်တဲ့ သင်္ဘောတွေဖြစ်တယ်လို့လည်း ဖော်ပြကြပါတယ်။
ဆေးခြောက်က ကိုလံဘီယာမှာ တရားမ၀င်ဖြစ်နေပေမဲ့ အမေရိကန်ပြည်နယ်အချို့မှာ တရားဝင်ဖြစ်နေပါတယ်။ ဆေးခြောက်က အကိုက်အခဲ နဲ့ နာကျင်မှုကို သက်သာစေတယ် လို့ ဆေးပညာရှင်တွေက ဆိုထားပြီး ကင်ဆာသမားတွေ သုံးတာများပါတယ်။ "အမေရိကန် စစ်တပ်တွေက ဆေးခြောက်သင်္ဘောတွေက သင်္ဘောသားတွေ ရဲ့ အသက်ကို အန္တရာယ်ဖြစ်စေသလို ကမ္ဘာလုံးဆိုင်ရာစားသုံးသူအများအပြားရဲ့ အသက်ကို ဆုံးရှုံးစေတယ်" လို့ မီဒီယာ အချို့က ရေးသားဖော်ပြကြပါတယ်။
REF: UPI
#MNP #News #International


No comments:
Post a Comment