သာစည်မြို့နယ်၌ မဲရုံပြင်ဆင်ထားမှု အခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်၌ မဲရုံပြင်ဆင်ထားမှု အခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး




သာစည်  ၊  ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သာစည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့ရှိ မဲရုံ ၁၂ ရုံတို့တွင် မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)