တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိ

 



မြိတ်  ၊ ဇန်နဝါရီ  ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီး မြိတ်ခရိုင်မီးသတ်စခန်းသို့ ရောက်ရှိမှုအား ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အရည်အသွေးထိန်းချုပ်စိစစ်ရေးနှင့် အပြီးသတ်လက်ခံရေးကော်မတီဥက္ကဋ္ဌ ရဲမှူးကြီး မြင့်ထွန်းနှင့် တာဝန်ရှိသူများက Speed Boat ကိုယ်ထည်နှင့် အင်ဂျင်တို့ကို ကြည့်ရှုစစ်ဆေး၍ အင်ဂျင်အား စမ်းသပ်လည်ပတ်မှုအား စစ်ဆေးကြသည်။ ရှာဖွေကယ်ဆယ်ရေး Speed Boat သည်  အရှည်(၁၉)ပေ (၄)လက်မ၊  အကျယ် (၆)ပေ (၁၀)လက်မ၊ အနက်(၂)ပေ(၇)လက်မရှိ၍ လူ(၁၂)ဦးဆံ့ပြီး Yamaha အမျိုးအစား အင်ဂျင်ပါဝါ မြင်းကောင်ရေ (၄၀)ရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်ဆည်းပေးသည့် ရှာဖွေကယ်ဆယ်ရေး Speed Boat (၂)စီးကို မြိတ်ခရိုင် မီးသတ်စခန်းမှ မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို မြိတ်ခရိုင်မီးသတ်စခန်းရှိ မီးငြှိမ်းသတ်ရေး Speed Boat (၃)စီးနှင့်အတူ ပြည်သူများ၏ အကျိုးကို ယခင်ကထက် ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)