မတ္တရာ၊ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေး စက်များခင်းကျင်းပြင်ဆင်ထားများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ထီးတော်မိုးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ ဆုံ၍ ဇန်နဝါရီ ၁၁ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအားလုံး အဆင်ပြေချောမွေ့စွာဆန္ဒပေးနိုင်ရေးသည် အရေးကြီးကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#News #MNP


No comments:
Post a Comment