မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို






မော်လမြိုင်၊ ဇန်နဝါရီလ ၁၀

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော ၂၀၂၆ ခုနှစ် အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးမွန်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ အဘယသုတာရာမကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသာသန ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသက ပဋ္ဌာန်းရောင်ခြည်တော် ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်ကာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္တဝါစက ပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန်တိုက်တွန်းလွှာ ဂါထာကို မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းမှ ဦးဝိဝေကက ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြပြီးဆရာ‌တော် သံဃာ‌တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့‌ကြောင်းသိရသည်။

အဆိုပါ အန္တရာယ်ကင်းအသံမစဲမဟာပဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို ဇန်နဝါရီလ(၁၀)ရက်‌နေ့မှ (၁၈) ရက်အထိ (၉) ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)