မူဆယ် ၊ ဇန်နဝါရီ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ မိမိလုပ်ဆောင်ရမည့် လုပ်ငန်းနယ်ပယ်တွင် အဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် မူဆယ်ခရိုင် ရုံးဝန်ထမ်းများ၊ မူဆယ်ခရိုင်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်၊ ၂၀၂၅ ခုနှစ် စာအုပ်အား အလှည့်ကျဖတ်ရှုပြီး ဝန်ထမ်းများ အပြန်အလှန် ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းများကို စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်၊ DLMS အသုံးပြုနည်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ စံတန်ဖိုးများ၊ ဝန်ထမ်းကျင့်ဝတ်စသည့် စာအုပ်များကို ရုံးဖွင့်သည့်နေ့ နံနက်တိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ထမ်းများက အလှည့်ကျ ဖတ်ရှုဆွေးနွေးကြကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment