အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ က ဆရာတော်ကြီးများ၏ ပုံရိပ်ကို မဖွယ်မရာ ခေါင်းစဉ်ဖြင့် သက်သေတင်သွင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ က ဆရာတော်ကြီးများ၏ ပုံရိပ်ကို မဖွယ်မရာ ခေါင်းစဉ်ဖြင့် သက်သေတင်သွင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်


 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ က ဆရာတော်ကြီးများ၏ ပုံရိပ်ကို မဖွယ်မရာ ခေါင်းစဉ်ဖြင့် သက်သေတင်သွင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်


ရက်စွဲ ။  ။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အပေါ်  ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ရင်ဆိုင်ဖြေရှင်းလျက်ရှိသည်။ ၁၂-၁-၂၀၂၆ ရက်နေ့က ဂမ်ဘီယာနိုင်ငံဘက်ကမှ တင်ပြရာတွင် အတည်မပြုနိုင်သော Facebook စာမျက်နှာမှ စကားစုများကို ရယူပြီး သက်သေအထောက်အထားအဖြစ် တင်ပြလျက်ရှိသည်ကို တွေ့ရပြီး လွန်စွာ အောက်တန်းကျသော လုပ်ရပ်အဖြစ် ရှုမြင်ပါသည်။

ထို့အပြင် ဂမ်ဘီယာမှ သက်သေအထောက်အထားများ ပြသရာတွင် မြန်မာပြည်သူတို့၏ ကိုးကွယ်အားထား ပူဇော်ရာဖြစ်သော သီတဂူဆရာတော်ကြီးနှင့် အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ တို့ကိုပါ အစွန်းရောက်တံဆိပ်ကပ်၍ ဖော်ပြခဲ့သော လုပ်ရပ်များသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို စော်ကားဖျက်ဆီးသည်သာမက ဗုဒ္ဓဘာသာကိုပါ စော်ကားသည့် လုပ်ရပ်အဖြစ် ရှုမြင်ပါသည်။

၎င်းတို့ နားလည်သည့် အစွန်းရောက်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အစ္စလာမ်းမစ် အစွန်းရောက်အကြမ်းဖက်ဝါဒီများက ဘာသာမတူသူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်ကို ပမာထား၍ ပြောဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ 

ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များအနေဖြင့် မေတ္တာ၊ ကရုဏာဖြင့် တည်ငြိမ်အေးချမ်းရေးကို အလေးထား၍ ဟောဖော်ညွှန်ကြားတတ်သူများဖြစ်သည်ကို ဂမ်ဘီယာအနေဖြင့် သိမြင်နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ ဘာသာရေးခေါင်းဆောင်များကို အစွန်းရောက်တံဆိပ်ကပ်၍ ဖော်ပြခြင်းသည် ပြည်ပြေး သစ္စာဖောက် လောက်ကောင်များက ဂမ်ဘီယာဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကို သိသာထင်ရှားစေသော အချက်ဖြစ်ပါသည်။

အိုအိုင်စီအဖွဲ့ထံမှ ငွေကြေးအထောက်အပံ့ရယူပြီး မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုးလိမ်နာမည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ လုပ်စားနေကြသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံရေးလုပ်စားသူများ၊ ထိုသူတို့၏ အကူအညီကို ရယူ၍ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာပုံရိပ်ကို စော်ကားသည့်လုပ်ရပ်အား ကျူးလွန်သည့် ဂမ်ဘီယာနိုင်ငံအား နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။


နေပြည်တော်အမျိုးသားရေးအဖွဲ့

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)