ပုဇွန်တောင်မြို့နယ်တွင် MEVM မဲပေးစက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများအား မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များအား အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် MEVM မဲပေးစက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများအား မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များအား အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကျင်းပ








ပုဇွန်တောင်၊ ဇန်နဝါရီ ၈ 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ နည်း ပညာပိုင်းဆိုင်ရာများအား မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များအား  အသိပညာပေး ရှင်း လင်းပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူး ရုံး၊ တေဇခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အမှာစကားပြော ကြားခဲ့ပြီး MEVM မဲပေးစက်ဆိုင်ရာ ထုတ်လုပ်သည့်ဌာနမှ နည်းပညာအထောက်အကူပြုဒေါက်တာ ဝေယံလွင်မှ MEVM မဲပေးစက်နည်းပညာပိုင်းဆိုင်ရာများအား ရှင်းလင်းခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဒေါ်သန္တာသိမ့်မှ မဲရုံများတွင် ထမ်းဆောင်ရမည့် တာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့၀င်များ၊ MEVM သင်တန်းနည်းပြများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးများ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀) ရပ်ကွက်ရှိ မဲရုံ(၂၁)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များ  တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ အအေးဘူးများ ဝေငှတိုက်ကျွေးခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)