ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ ရောက်ရှိ



ဆိပ်ကြီးခနောင်တို ၊  ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ရောက်ရှိသည်။

MEVM မဲပေးစက်များအား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုသွားမည်ဖြစ်သည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း (၃) အတွက် ရပ်ကွက်အလိုက် မဲရုံစုစုပေါင်း (၂၂) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၁၂၄) လုံး အသုံးပြုသွားမည်ဖြစ်ပြီး၊ မဲရုံ များအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ‌ ရောက်ရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်သာနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)