သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ



သဲကုန်း  ၊ ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက နတ်တလင်းခရိုင်မှတစ်ဆင့် သဲကုန်းမြို့နယ်သို့ ရောက်ရှိပြီး မြို့မရဲစခန်းတွင် လက်ခံသိမ်းဆည်းထားရှိသည်။

ထိုသို့ MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးသိုက်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄)ခု/ကျေးရွာ(၃၉) အုပ်စု၊ မဲရုံ (၁၁၆)ရုံအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (၃၁၀) လုံးတို့အား နတ်တလင်းခရိုင်မှတစ်ဆင့် ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သဲကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ အခက်အခဲမရှိစေရေး MEVM မဲပေးစက် တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ မဲရုံ၌ မဲပေးစက်တပ်ဆင် ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံများကို စနစ်တကျသင်ကြား ဆွေးနွေးပို့ချထားပြီဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)