တံတားဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ အောင်မြင်စွာကျင်းပပြီးစီးသဖြင့် MEVM မဲပေးစက်များ အပ်နှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ အောင်မြင်စွာကျင်းပပြီးစီးသဖြင့် MEVM မဲပေးစက်များ အပ်နှံ




တံတားဦး  ၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် အောင်မြင်စွာကျင်းပပြီးစီးသဖြင့်  MEVM မဲပေးစက်များ၊  ဆက်စပ်ပစ္စည်းများကို  မြို့နယ်ခန်းမသို့ စနစ်တကျလာရောက်အပ်နှံသည်။

တံတားဦးမြို့နယ်၌ အသုံးပြုခဲ့သည့် MEVM မဲပေးစက်များကို တံတားဦးမြို့နယ်ခန်းမှ တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ယနေ့နံနက် ၁၀နာရီက တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင် ဦးဆောင်ပြီး MEVM မဲပေးစက် အစုံ ၁၉၀ ကို စနစ်တကျအပ်နှံသည်။ တံတားဦးခရိုင်အနေဖြင့် ငါန်းဇွန်မြို့နယ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း-၃တွင် အသုံးပြုရန်အတွက် Installion ပြုလုပ်ပြီးသော  MEVM မဲပေးစက် ၁၉ စုံကို မြို့နယ်ခန်းမမှ တံတားဦးမြို့မရဲစခန်းသို့  ပြောင်းရွှေ့သိမ်းဆည်းထားကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)