အုတ်တွင်းမြို့နယ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ် များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ် များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်


အုတ်တွင်း၊ ဇန်နဝါရီ ၁၀

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘုရားနှစ်ဆူကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၃၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား Diamond စက်သုံးဆီဆိုင်ရှေ့၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကားလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်ခဲ့မှုကြောင့် အုတ်တွင်းမြို့မှ ဖြူးမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် MDY-17/8J-XXXX I-ZONE LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်အား လက်နက်ငယ်ကျည်ထိမှန်ကာ ယာဉ်မောင်းဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဦးဇော်မိုးလွင်(၄၅)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်းနေရာနှင့် ကိုက် ၁၀၀ ခန့်အကွာ လမ်းမပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဦးဆန်းမင်းထွန်း(၃၂)နှစ် မောင်းနှင်သည့် ယာဉ်အမှတ် YGN-45/5N-XXXX SINO TRUCK ခဲရောင် ဆီဘောက်ဆာတွဲ မော်တော်ယာဉ်အား ကန့်လန့် အနေအထားဖြင့် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)