ဗြိတိန်မှာမုန်တိုင်း ဂိုရက်တီဝင်လာလို့ ကျောင်းတွေပါပိတ်ထားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန်မှာမုန်တိုင်း ဂိုရက်တီဝင်လာလို့ ကျောင်းတွေပါပိတ်ထားရ




ဇန်နဝါရီ- ၁၀ (စနေနေ့ ) 

ဆောင်းရာသီ မုန်တိုင်း ဂိုရက်တီ ကြောင့် နှင်းများ၊ ရေခဲများနှင့် လေတိုက်ခတ်မှုများကြောင့် ဗြိတိန်တစ်ဝှမ်းရှိ ရထားလမ်းကြောင်းများ ပြတ်တောက်ကာ သောကြာနေ့တွင် ကျောင်းများ ပိတ်ထားခဲ့ရပါတယ်။ 

ဝေလပြည်နယ် ပိုဝီ ရှိ  ဗန်ဝီရေကန်တွင် ဆီးနှင်းများ ၆.၂ လက်မ ကျဆင်းခဲ့ကြောင်း နဲ့ ရာနှင့်ချီသော အိမ်များ လျှပ်စစ်မီး ဆုံးရှုံးခဲ့ကြောင်း  ဘီဘီစီ သတင်းတွင် ဖော်ပြထားပါတယ်။ 

ကာဒစ်ဖ်မြို့မြောက်ဘက်ရှိ ရိုဒန်ကီယွန်တက်ဖ် ခရိုင်အတွင်းရှိ တောင်တက်လမ်းများကို ရှောင်ရန် ရဲတပ်ဖွဲ့က ကားသမားများကို ပြောကြားခဲ့ပြီး လမ်းများပေါ်တွင် ယာဉ်အစီးရေ အများအပြား ပျက်စီးခဲ့ရပါတယ်။ 

အချို့သောရထားခရီးစဉ်များကို သောကြာနေ့အထိ ဖျက်သိမ်းခဲ့ပြီး ရထားဝန်ဆောင်မှုများက ခရီသည်တွေကို မတင်ဆောင်မီ ရထားတွေရဲ့ အခြေအနေကို စစ်ဆေးရန် အမိန့်ပေးခဲ့ရပါတယ်။ 

ဒေသဆိုင်ရာအာဏာပိုင်များအများအပြားသည် ပြင်းထန်သောရာသီဥတုကြောင့် ဘေးဥပဒ်အန္တရာယ် သို့မဟုတ် သေဆုံးနိုင်သည့်အန္တရာယ် ရှိတာမို့လို့ အိုမဲအိမ်မဲ့တွေကို အရေးပေါ်အမိုးအကာများပေးဆောင်တဲ့ ပရိုတိုကောကို အသက်သွင်းနေရပါတယ်။ 

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာတော့ အပြင်ဘက်မှာ အိပ်ပျော်နေတဲ့ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ "အမိုးအကာအပြင်မှာ အိပ်စက်ခြင်းက တစ်နှစ်ပတ်လုံး အလွန်အန္တရာယ်များပါတယ်၊ ဒါပေမယ့် အေးခဲတဲ့အပူချိန် ဒါမှမဟုတ် အဆိုးရွားဆုံးရာသီဥတုမှာ ဆိုရင်တော့ သေစေနိုင်ပါတယ်" လို့  မူဝါဒနှင့် လူမှုရေးပြောင်းလဲမှုဆိုင်ရာ အမှုဆောင်ဒါရိုက်တာ က ပြောခဲ့ပါတယ်။  “လမ်းပေါ်မှာ အိပ်မယ့်သူတွေကို ဘေးကင်းလုံခြုံပြီး အရေးပေါ်နေရာထိုင်ခင်းဖြစ်အောင် ကူညီပေးဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ 

စကော့တလန်ဘက်မှာကတော့ အပူချိန်မြင့်တက်လာခြင်းကြောင့် ရေလွှမ်းမိုးမှုပြဿနာ ခြိမ်းခြောက်နေကြောင်း စကော့တလန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီမှ ရေကြီးရေလျှံမှုဆိုင်ရာ တာဝန်မန်နေဂျာ ဒေးဗစ်မော်ဂန်က ပြောကြားခဲ့ပါတယ်။ 

မိုးလေဝသဌာန ခန့်မှန်းချက်အရ စနေနေ့တွင် “အလွန်ခြောက်သွေ့လိမ့်မည်” လို့ ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့တွင် နှင်းများ ပိုမိုကျလာနိုင်တယ်လို့ ဆိုပါတယ်။ စကော့တလန်နိုင်ငံအများစုတွင် နှင်းနှင့်ရေခဲများအတွက် အဝါရောင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မြေနိမ့်ဒေသတွေမှာ နှင်းကျဆင်းမှု ၂ လက်မထိရှိနိုင်ပြီး အမြင်ပိုင်းဒေသတွေမှာကတော့ ၈ လက်မ ထိရှိနိုင်ပါတယ်။ “ပြင်းထန်တဲ့ နှင်းကျဆင်းမှုကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိနိုင်ပါတယ် လို့ ဆိုပါတယ်။ 


REF: UPI

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)