စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း လေးလုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း လေးလုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ


မကွေး၊ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၊ နံနက် ၇ နာရီ ၅ မိနစ်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးကျော်မင်း(၅၃)နှစ်၊ ဦးစိန်ကြည်(၇၀)နှစ်၊ ဦးမြင့်အောင်(၆၈)နှစ်၊ ဦးစောမောင်မြင့်(၅၉)နှစ်၊ ဦးကျော်ကျော်လင်း(၅၁)နှစ်၊ ဒေါ်အေမီဦး(၃၈)နှစ်၊ ဒေါ်စိုးစိုးထွေး(၅၅)နှစ်နှင့် ဒေါ်တင်တင်မိုး(၅၀)နှစ်တို့သည် ၎င်းတို့နေအိမ်အသီးသီးမှ အလုပ်လုပ်ရန် ခြေလျင်ထွက်ခွာလာစဉ် အဆိုပါရပ်ကွက်ရှိ လမ်းမပေါ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း လေးလုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ရှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)