ပုဇွန်တောင်၊ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ရပ်ကွက် များအလိုက် ယနေ့နံနက်ပိုင်းက ဆက်လက်ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင် နှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း Voter Slip များ ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းအမှတ်စဉ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေကာ မဲရုံသို့ လာရောက်မဲပေးနိုင်ရေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News






No comments:
Post a Comment