ဖေဖော်ဝါရီ - ၂ ( တနင်္လာနေ့ )
မနေ့ ( ဖေဖော်ဝါရီလ ၁ ရက်နေ့) မှာ ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မြို့ ကောင်းကင်မှ လ လေးစင်းထွက်ပေါ်လာလို့ အွန်လိုင်းပေါ်မှာ အဲ့ဒိသတင်းက ပျံ့နှံ့သွားပါတယ်။ အဲ့ဒိဖြစ်စဉ်ကို တွေ့မြင်ခဲ့ရတဲ့သူတွေက ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ရင်းက ပျံ့နှံ့သွားတာပါ။ မိုးကောင်းကင်ပေါ်မှာ လ ၄စင်းက အံ့မခန်း လှပစွာနဲ့ ပေါ်ပေါက်ခဲ့တာပါ။
လ အတု လို့ ခေါ်တဲ့ ပါရာဆီလန်း ကို ဆဋ္ဌဂံပုံသဏ္ဍာန်ရှိတဲ့ မြင့်မားသော တိမ်တိုက်တွေက လရောင်ရဲ့ အလင်းယိုင်မှုကို သုံးပြီး လတုတွေတွေကို ထုတ်ပေးတာပါ။ တိမ်တိုက်များရှိ အမြင့်ဆဋ္ဌဂံရေခဲပုံဆောင်ခဲများမှ အလင်းဖြာထွက်မှုကြောင့် လ၏ဘေးဘက်တွင် တောက်ပနေသော အစက်အပြောက်များ သို့မဟုတ် "လမင်းများ" ပေါ်လာတတ်တဲ့ လေထုအတွင်း အလင်းပြန်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
Mock moon ၊ moon dog ၊ paraselene လို့ အမျိုးမျိုး ခေါ်ကြသလို မြန်မာတွေက လကြုံးလို့ ခေါ်ပါတယ်။ ညဘက်မှာ လကြုံးတွေ မြင်ရင် ကောင်းကင်က အလွန်အေးပြီး ရေခဲမြူမှုန်တွေ ရှိနေတယ်လို့ သိနိုင်ပါတယ်။ အများအားဖြင့် တကယ့်လ ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ ၂၂ ဒီဂရီ ခန့် ကွာဝေးတဲ့နေရာမှာ တွေ့ရတတ်ပါတယ်။
လမင်းနဲ့ အနီးဆုံးလကြုံး က အနီရောင်၊ အပြင်ဘက်ဆုံးအစွန်းက အပြာရောင်အဖြစ်သန်းနေတတ်ပါတယ်။ ဒါပေမယ့် လမင်းရဲ့အလင်းသေးလို့ အရောင်က သိပ်မထင်ရှားပဲ အဖြူရောင်နဲ့ တွေ့ရတတ်ပါသေးတယ်။ လကြုံးဆိုတာ လမင်းကို ဗဟိုပြုပြီး အဝိုင်းလုံးဝန်းကျင်ဖြစ်ပေါ်တာပါ။ အဲဒီလကြုံးဝိုင်းရဲ့ ဘယ်ညာအစွန်းမှာ အလင်းပိုမိုတောက်ပြီး လမင်းငယ်လေးလို ပေါ်လာတာကို ခေါ်တာ ဖြစ်ပါတယ်။
REF: News 18
#News #MNP

No comments:
Post a Comment