မြစ်သားမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ




မြစ်သား    ၊ ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်း​ဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည်  မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ထက်မြက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ  ၂ ရက်  မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးက  အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က သင်တန်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၇ ရက်အထိ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ တို့တက်ရောက် လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဝါဝါမြင့် (မြစ်သား) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)