ပျော်ဘွယ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်သင့်ပြိုကျနေအိမ်များအတွက် ဘိလပ်မြေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျော်ဘွယ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်သင့်ပြိုကျနေအိမ်များအတွက် ဘိလပ်မြေများပေးအပ်



ပျော်ဘွယ်   ၊ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ဘိလပ်မြေများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရပြီး နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှုတို့အတွက် ထောက်ပံ့ပေးနိုင်ခဲ့မှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့်နှုန်းထားအတိုင်း ဘိလပ်မြေဖြန့်ဝေပေးအပ်မည့် အခြေအနေများ၊ မကြာမီကာလတွင် အိမ်ဆောက်ပစ္စည်းဖြန့်ဝေပေးမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅ အုပ်စုမှ နေအိမ်အလုံးစုံပျက်စီးမှု ၁၅၆ လုံးအတွက် ဘိလပ်မြေအိတ် ၄၂၀၀၀ ကျော်ကိုပေးအပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်တာဝန်ရှိသူများက ပြည်သူများထံ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)