မူဆယ် ၊ ဖေဖော်ဝါရီ ၂၆
၂၀၂၆ ခုနှစ်၊ မြန်မာ(မူဆယ်)- တရုတ်(ရွှေလီ) နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲအတွက် နှစ်နိုင်ငံနယ်စပ်ပြေးလမ်းကြောင်းများအား နှစ်နိုင်ငံတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မြန်မာ(မူဆယ်)- တရုတ်(ရွှေလီ) နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပမည်ဖြစ်ရာ နယ်စပ်မြို့များဖြစ်သည့် မြန်မာနိုင်ငံ(မူဆယ်)နှင့် တရုတ်နိုင်ငံ(ရွှေလီ)တို့ကို ဆက်သွယ်ထားသည့် နယ်စပ် ဝင်/ထွက်ပေါက်ဖြစ်သည့် နန်းတော်ပေါက်တွင် နယ်စပ်ဖြတ်ကျော်မည်ဖြစ်သဖြင့် ယင်းနေရာတွင် စိုက်ထူမည့် နှစ်နိုင်ငံအလံများ၊ ကြိုဆိုကြမည့် တိုင်းရင်းသားမိဘပြည်သူများ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ ပြေးလမ်းကြောင်းများအား စနစ်တကျရှိစေရန်အတွက် နှစ်ဘက်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment