ကျိုင်းတုံ ၊ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့တွင် ကျိုင်းတုံခရိုင် ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အိအိဝင်းက ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ NGO အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝေးလံသည့် တောင်ပေါ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစာရေးများနှင့် စသည့်မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်သူများက ကျိုင်းတုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ပြည်သူလူထုအခြား အသိပေးဆောင်ရွက်နိုင်ရေးစသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment