ဖေဖော်ဝါရီ - ၂၆ ( ကြာသပတေးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုက သြစတြေးလျမှာ အမြင့်ဆုံး မိုးမျှော်တိုက်တစ်လုံး ကို ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့ပါတယ်။
ထရမ့်စီးပွားရေးအုပ်စု နှင့် ဒေသခံ အော်တပ်ပိုင်ဆိုင်မှုဆောက်လုပ်ရေး အုပ်စုတို့ပေါင်းလုပ်တဲ့ ပရောဂျက်က ကွင်းစ်လန်း ရဲ့ ဂိုဒင်းကမ်းခြေ မှာ ၉၁ ထပ်ရှိတဲ့ ဇိမ်ခံမျှော်စင်ဆောက်လုပ်ရေးပဲဖြစ်ပါတယ်။ ကြယ်ခြောက်ပွင့် ဟိုတယ်၊ တိုက်ခန်း ၂၇၀၊ ဈေးဆိုင်များ၊ ကမ်းခြေကလပ်တစ်ခုနှင့် ရေကူးကန်တို့ ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုလုံးက တနင်္လာနေ့မှာ သီးခြားထုတ်ပြန်ချက်တွင် အတည်ပြုခဲ့ပါတယ်။
အဲ့ဒိထုတ်ပြန်ချက်ထွက်လာပြီးနောက်မှာ ဒေသခံတွေရဲ့တုံ့ပြန်မှုတွေက အကောင်း၊ အဆိုး ၂မျိုးလုံး ရောထွေးထွက်ပေါ် လာပါတယ်။
“ထရမ့်က ဘာမဆို ကြောက်စရာကောင်းတယ်။ သူက ထူးဆန်းတဲ့လူတစ်ယောက်ပါ၊ ဒါပေမယ့် သူ့မှာ မုန့်စိမ်းတွေ အများကြီးရှိတယ်။ ဘယ်မှာထားရမလဲဆိုတာကိုလည်း သူသိပါတယ်" လို့ ဒေသခံတစ်ဦးက 7NEWS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လေ့လာမှုအရ ဒေသခံတွေဆီက ထွက်နေတဲ့ အသံက ၂ မျိုးပဲရှိပါတယ်။ ထရမ့်က သူ့ရဲ့အာဏာပါဝါကိုသုံးပြီး ဩစတေးလျမှာ စီးပွားရေး လာချဲ့ထွင်တာဖြစ်လို့ ဆန့်ကျင်တယ်ဆိုတဲ့ အသံနဲ့ မိုးမျှော်ဟိုတယ်တစ်ခု တိုးလာတာက ဒေသတွင်းမှာ "တိုးတက်နေသောလှုပ်ရှားမှု နဲ့ အခွင့်အလမ်း" အဖြစ်သို့ ပြောင်းလဲပေးတယ် ဆိုတဲ့ အသံတို့ပဲ ဖြစ်ပါတယ်။
ကွန်ကရစ်အဆောက်အအုံတွေတိုးလာတာက ကင်ဆာရောဂါဖြစ်တာပိုတိုးလာတယ်ဆိုတဲ့ ယူဆချက်ကို ကိုင်ထားတဲ့ သူတွေကတော့ မိုးမျှော်တိုက်နဲ့ပတ်သက်ပြီးတတော့ ဆန့်ကျင်ကြတာပါ။ ကမ်းခြေကို ၁၉၇၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၃ မှာ ကွန်ကရစ်တိုက်တွေ များလာလို့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို လျှော့ချခဲ့ပါတယ်။ ဒေသတွင်းက အချို့အဆောက်အအုံတွေဆိုရင် ဆောက်လက်စတွေကိုတောင် ရပ်တန့်ခဲ့ပါတယ်။
ဆိုးတာက အော်လ်တက်အုပ်စုက ဒေဝါလီခံ ထားတာ ၂ ကြိမ်ရှိခဲ့တာပါပဲ။ ၁၉၉၁ ခုနှစ်က ဘီယာကုမ္ပဏီ ကတ်စတယ်မန်နီပါကင် က ၎င်း၏ အရက်ဆိုင်များနှင့် နိုက်ကလပ်များ လုပ်ငန်းကြောင့် ဒေဝါလီခံခဲ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းအတွင်း ၎င်း၏အိမ်ခြံမြေလုပ်ငန်း မအောင်မြင်ပြီးနောက် ၂၀၁၀ တုန်းကလည်း ဒေဝါလီခံထားရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ထရမ့် အဖွဲ့ရဲ့ ပိုင်ဆိုင်မှုများတွင် နယူးယောက်၊ လာ့စ်ဗီးဂတ်စ်၊ စကော့တလန်၊ ဆော်ဒီအာရေဗျ၊ UAE နှင့် အိုမင် ရှိ ဟိုတယ်များ ပါဝင်ပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment