ပဲခူးမြို့၊ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၊ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်




ပဲခူး  ၊ ဖေဖော်ဝါရီ ၁၅

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ဖေဖော်ဝါရီ (၁၅) ရက်‌နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ  အခမ်းအနားကို နမောတဿ (သုံးကြိမ်) ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီးသည် နိုင်ငံတော်အဆင့်ရှိသော စေတီတော်တစ်ဆူဖြစ်သည့်အတွက် ပြုပြင်တည်‌ဆောက်မှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အကူအညီ ရယူကာ ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးချက်များ လုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ ပဲခူးဒေသသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့်အတွက် ငလျင်ဘေးဒဏ်ခံနိုင်ရေး အလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  စေတီတော်ကြီး၏ အတွင်းလှိုင်ထဲရှိ သံထောက်တိုင်များ ပြုပြင်မှုဆောင်ရွက်ရာတွင် စေတီတော်ကြီး၏ အပြင်လုံးပတ်တော်၌ ရာသီဥတုဒဏ်ကြောင့် အက်ကွဲမှု ရှိ/မရှိ တစ်ပါတည်းစစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ကြံ့ခိုင်မှုစစ်ဆေးချက်ရလဒ်များနှင့် ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွဲဖက်အတွင်းရေးမှူး ဦး‌ဌေးဦးက စေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ စစ်ဆေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး KMA ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်ထွန်းနှင့် KTN Structural Design Group အင်ဂျင်နီယာ ဦးကျော်သူနိုင်တို့က အတွင်းလှိုင်အတွင်း အဆင့်လိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများက လုပ်ငန်းနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။ ၎င်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရုပ်သိမ်းခဲ့သည်။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၏ အလှူတော်အဖြစ် နေပူခံကျောက်ပြားခင်းနေမှုနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦများ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)