ပေါင်းတည်၌ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်





ပေါင်းတည်၊ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါင်းတည်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနှင့် ဂျပန်-အာဆီယံ ကော်ပိုရေးရှင်းတို့ ပူးပေါင်းထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းစုံ တစ်ပုံးစီကို နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ နေရပ်စွန့်ခွာလာသူပြည်သူ ‌အိမ်ထောင်စု ၁၂၇ စုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌများက အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ရွှေသား

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)