ကျောက်ဆည် ၊ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေး နည်းလမ်းဖြင့် နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
နွေနှမ်းသီးနှံမျိုးစုံစိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေဖြင့် နွေစပါး ၄၇၀၉ ဧက၊ နွေနှမ်း ၃၁၀၃၇ ဧက၊ မိုးကြိုပဲတီစိမ်း ၂၇၆၇ ဧက၊ အခြားသီးနှံစုံ ၁၈၁ ဧက၊ ကင်းတားဆည်ရေဖြင့် နွေစပါး ၂၂၃ ဧက၊ နွေနှမ်း ၁၃၁၂၉ ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ ၁၀၀ ဧက၊ မိုးကြိုပဲတီစိမ်း ၅၂၉ ဧက၊ သစ်တက္ကုန်းဆည်ရေဖြင့် နွေနှမ်း ၄၀ ဧက စုစုပေါင်း ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး သီးနှံအမျိုးအစားအလိုက် နည်းပညာများ စနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ အလှည်ကျစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment