မလှိုင် ၊ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေသီးနှံများအတွက် မျိုးစေ့များပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖက်ကုန်းကျေးရွာရှိ တောင်သူကြီး ဦးဇော်မင်းအိမ်တွင် ကျင်းပသည်။
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ စိုက်ပျိုးရာတွင် တောင်သူများ သိရှိထားရမည့်အကြောင်းအရာများ၊ ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး မြေပြင်ခြင်း၊ ရေသွင်းခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြရန်၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရရှိနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်လိုက်နာဆောင်ရွက်ပေးကြရန် ရှင်းလင်းဆွေးနွေးပြီး နွေသီးနှံမျိုးစေ့များကို တောင်သူများသို့ ပေးအပ်ခဲ့သည်။
မလှိုင်မြို့နယ်အနေဖြင့် ဖက်ကုန်းကျေးရွာအုပ်စုနှင့် ထမ္မကြီးကျေးရွာအုပ်စုများတွင် နွေစပါး (၅၆)ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ (၈၀)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါနွေသီးနှံစိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲသို့ တောင်သူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မလှိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment