လောင်းလုံး ၊ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်အမျိုးမျိုးအတွက် စက်လှေမောင်းတာဝန် ထပ်မံချထားနိုင်ရန်အတွက် စက်လှေများ ကိုင်တွယ်မောင်းနှင်ရာတွင် ရေယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ် သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေးလုပ်ငန်း စက်လှေများကို ကျွမ်းကျင်စွာ မောင်းနှင်တတ်စေစေရန်ရည်ရွယ်၍ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း (၆/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်မြတ်ထိုက်က အမှာစကားပြောကြားရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ၏လုပ်ငန်းများသည် အရေးပေါ်အခြေအနေဖြစ်ပွားသည့်အခါ လူအင်အားဖြင့်လည်းကောင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး နည်းပညာစွမ်းအားများနှင့် ပေါင်းစပ်လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ မီးသတ်ဖွဲ့ဝင်များရဲ့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ စက်လှေမောင်းသူများအဖြစ် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များသည် စက်လှေမောင်းနှင်ကျွမ်းကျင်မှုမရှိလျှင် ပြည်သူလူထုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မှုမရသလို ရေယာဉ်ပေါ်မှာ လိုက်ပါတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည်လည်း အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်ပါက ရေယာဉ်ကို စနစ်တကျ ကျွမ်းကျင်စွာ မောင်းနှင်နိုင်တဲ့ဌာနရဲ့ အားကိုးအားထားပြုရတဲ့ စက်လှေမောင်းများဖြစ်အောင် ကြိုးစားသင်ယူကြရန်လိုအပ်ပါကြောင်း၊ စက်လှေမောင်းသူတစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို သင်တန်းမှာ ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည့်အတွက် ကျွမ်းကျင်အောင် မှတ်သား၊ လိုက်နာ၊ လေ့ကျင့်သင်ယူသွားကြစေလိုကြောင်း၊ နည်းပြဆရာများ၏ စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးနေစဉ် တတ်စွမ်းသလောက် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးက သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စက်လှေရေယာဉ်တွင် ပါဝင်သည့် ပစ္စည်းအမျိုးအစားနှင့် တပ်ဆင်အသုံးပြုပုံအဆင့်ဆင့်များကို ခင်းကျင်းပြသမှုအား က်ရောက်လာကြသည့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျာ်စွာဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment