မြစ်သား ၊ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာ၌ ဒီဇင်ဘာလမှာစိုက်ပျိုးထားသည့် ရွှေဖလားမျိုးကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရွှေဖလားမျိုးကြက်သွန်နီ တစ်ဧကစိုက်ပျိုးမည်ဆိုပါ ကမျိုးစေ့ ၂ ပြည် ပျိုးထောင်စိုက်ပျိုး၍ အသုံးပြုရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ရွှေဖလားမျိုးဖိုး ၄ သိန်းကျပ် စိုက်ပျိုးရန်မြေပြင်ထယ်၊ ထွန်ယက်ခ ၃သိန်းကျပ်၊ ပျိုးနှုတ်ပြောင်းရွှေ့စိုက်ပျိုးစရိတ် ၂ သိန်းကျပ်၊ မြေဆီ မြေဩဇာ ၃ သိန်းကျပ်၊ ပိုးသတ်ဆေးဖိုး ၂ သိန်း ကျပ်ခန့်၊ ကြက်သွန်နီတူးဖော်ခ ၂ သိန်းကျပ် ခန့်ခန့်မှန်းကုန်ကျကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရန်ကိုယ်ပိုင် မြေမရှိ၍မြေအငှားဖြင့်စိုက်ပျိုးပါက ငွေကျပ် ၁ သိန်း ငါးသောင်းကျပ်မှ ၂ သိန်းကျပ်ခန့် ကုန်ကျကြောင်း ကြက်သွန်စိုက်ပျိုးသူ ဦးဝင်းမြင့် ပြောကြားချက်အရ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၉၂ အုပ်စုရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှုစားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်း ရွှေဖလားမျိုးကြက်သွန်နီများကို ဒေသခံတောင်သူများက ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိကြောင်းသိ ရသည်။
ဝါဝါမြင့် (မြစ်သား)
https://t.me/MyanmarNationalPost
No comments:
Post a Comment