သဲကုန်းမြို့နယ်တွင် မိသားစုအပိုဝင်ငွေရရှိရန် ဘိုကိတ်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင် မိသားစုအပိုဝင်ငွေရရှိရန် ဘိုကိတ်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ



သဲကုန်း ၊  ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဥ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် စားပင်သီးပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များကိုအဓိထား စိုက်ပျိုးရောင်းချလျက်ရှိရာ ဘိုကိတ်ပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိသည်။

ဒေသခံ​တောင်သူများအနေဖြင့် ဘိုကိတ်ပဲကို စိုက်ကျင်းစနစ်ဖြင့် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး  ဖေဖော်ဝါရီလတွင် ခူးဆွတ်ရောင်းချကြသည်။ ဘိုကိတ်ပဲသည် စိုစွတ်သောရာသီဥတု (နုန်းမြေ၊ သဲနုန်းမြေ) များတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းနိုင်ပြီး၊ နွေရာသီ၌ ရေသွင်းစိုက်ပျိုးနိုင်သည်။ အပင်ရှင်သန်ကြီးထွားစေရန်အတွက် ကြားပေါင်းလိုက်ခြင်း၊  သဘာဝမြေသြဇာများနှင့် ပိုးမွှားရောဂါကာကွယ်ရန်အတွက် ပိုးသတ်ဆေးများကို အထိုက်အလျောက်သုံးစွဲပေးရပြီး ရင့်မှည့်၍ ခူးဆွတ်ရရှိသော ဘိုကိတ်ပဲများကို မိမိတို့ကျေးရွာရှိ စားသုံးသူပြည်သူများ၊ စျေးဆိုင်များသို့ လက်လီ/ လက်ကားရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဘိုကိတ်ပဲ စိုက်ပျိုးရောင်းချသူတောင်သူတစ်ဦးထံမှသိရှိရသည်။

ဘိုကိတ်ပဲသည်  ပရိုတင်း၊ အမျှင်ဓာတ်နှင့် သံဓာတ်တို့ ပါဝင်၍  အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာဖြစ်သည့်အတွက် ပြုတ်စားခြင်း၊ ဟင်းချက်စားခြင်း၊ ကောက်ညှင်းပေါင်းနှင့် မြန်မာ့ရိုးရာသရေစာမုန့်များတွင်ထည့်သွင်း၍ စားသုံးနိုင်သည့် သီးနှံတစ်မျိုးဖြစ်၍  စိုက်ပျိုးသင့်ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)