တိုက်ကြီး ၊ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်စေရေးအတွက် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းနှင့် ကျေးရွာတွင်းလမ်းများ ရာသီမရွေး သွားလာနိုင်စေရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဟန်သီရိကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော အိုင်ကလောင်ကျေးရွာ ကုန်ထုတ်လမ်းအား မြေသားလမ်း ဖောက်လုပ်ပြီး အဆိုပါမြေသားလမ်းပေါ်တွင် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဂဝံလမ်းခင်းခြင်းနှင့် Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရှောက်ပင်ကပ်(ဗမာစု)ကျေးရွာ၌ ကျေးရွာတွင်း အရှည် ၈၃၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်ခင်းနှင့် Box Culvert တစ်စင်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်
https://t.me/MyanmarNationalPost
No comments:
Post a Comment