စစ်သားစုဆောင်းမှုလုပ်ပြီး တိုက်ပွဲမှာကျဆုံးသွားပြီးနောက် ထောက်ပံ့ကြေး မပေးတော့ ပြဿနာတွေတက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်သားစုဆောင်းမှုလုပ်ပြီး တိုက်ပွဲမှာကျဆုံးသွားပြီးနောက် ထောက်ပံ့ကြေး မပေးတော့ ပြဿနာတွေတက်


ဖေဖော်ဝါရီ - ၁၆ ( တနင်္လာနေ့ ) 

ယူကရိန်း အဓမ္မစစ်သားစုဆောင်းရေး လုပ်မှုတွေက တဖြည်းဖြည်း ရှုတ်ထွေးမှုတွေ ရှိလာကာ စုဆောင်းရေး လုပ်နေတဲ့ လူတွေကို ပြည်သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ လုပ်လာလို့ အသေအပျောက်တွေတောင် ရှိလာပါတယ်။ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ကျဆုံးစစ်သည်တွေအတွက် ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့ကြေး မပေးတာပဲဖြစ်ပါတယ်။ မနေ့က အွန်လိုင်းမှာပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ယူကရိန်း နိုင်ငံသားတွေက စစ်သားစုဆောင်ရေးလုပ်နေတဲ့ စစ်တပ်အရာရှိတွေကို ပြန်လည်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ 

သောကြာနေ့က ဒနီပရိုပက်စထိုဗက်စကီးမြို့မှာ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ စစ်သားစုဆောင်းရေး စစ်မှုထမ်းများက လမ်းပေါ်၌ လူငယ်တစ်ဦးအား အတင်းအကျပ် စစ်မှုထမ်းရန် ကြိုးပမ်းသောအခါတွင် အရပ်ဘက် လမ်းသွားလမ်းလာ တစ်ဦးက ဓားစာခံလူငယ်ကို အကူအညီဝင်ပေးခဲ့ပါတယ်။ စစ်သားတွေက လာကူညီတဲ့ လူကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အနီးအနား လူတစ်ချို့ ဝင်ရောက်ကူညီကြပြီး လူတစ်ယောက်က စစ်သားတွေကို သံတူရွင်းနဲ့ လိုက်ရိုက်ချိန်မှာပဲ လူငယ်လေးက လွတ်မြောက်သွားပါတယ်။ 

နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုကတော့ အိုဒီဆာမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ စစ်သားစုဆောင်းရေး သမားတွေက လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ကားပေါ်တင်ဖို့ကြိုးစားချိန်မှာ အရပ်သားတွေက စစ်သားတွေကို ဝင်ရောက်ဆွဲနေချိန်မှာ လူငယ်က မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ပြန်တိုက်ခိုက်လို့ စစ်သားတွေမျက်လုံး ထိခိုက်မှုဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အိုဒီဆာ စစ်သားစုဆောင်းရေး ဌာနကကတော့ မျက်ရည်ယိုဓာတ်ငွေ့ နဲ့ တိုက်ခိုက်ခံလိုက်ရတဲ့ အရာရှိက မျက်လုံးပျက်စီးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ 

ယူကရိန်းလွှတ်တော်မှာကတော့ စစ်သားစုဆောင်းရေး အဖွဲ့တွေကို ပြည်သူတွေ ပြန်လည်တိုက်ခိုက်တဲ့ ဖြစ်ရပ် ၉၅% က ရုရှားတွေရဲ့ အေအိုင်လှည့်စားမှုတွေ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ရုရှားတွေက အေအိုင်နဲ့ ဇာတ်လမ်းတွေ ဆင်ပြီး ဗီဒီယိုဖိုင်တွေလုပ်ကာ အွန်လိုင်းပေါ်မှာ တင်နေတာလို့ ဆိုပါတယ်။ 

ယူကရိန်းစစ်သားစုဆောင်းရေတွေရဲ့ အဓမ္မဆန်တဲ့ လုပ်ရပ်တွေကို တိုင်ကြားမှုက ၂၀၂၂ ခုနှစ်တွင် ၁၈ မှုပဲရှိပေမဲ့ ၂၀၂၅ ခုနှစ်တွင် ၆ထောင်ကျော်အထိ တိုးမြင့်လာခဲ့ပါတယ်။ ဒနီပါမြို့က စစ်သားစုဆောင်းမှုတွင် စုဆောင်းရေး အရာရှိတွေကြောင့် လူအချို့ သေဆုံးခဲ့ရတဲ့အထိ ကြမ်းတမ်းမှုတွေရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)