ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ





နေပြည်တော်၊ ဖေဖော်ဝါရီ   ၇

 မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။  ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် စိုင်းထွန်းကျော်(ခ)စိုင်းပီး(၃၃)နှစ်၊ ရပ်ကွက်(၁)၊ ကာလိမြို့နေသူ မောင်းနှင် လာသော TOYOTA HIACE မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အက်တက်စီ ဆေးပြား ၉၅၀၀ ပြား(တစ်ပြားလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၈၅၀ )၊ အိုက်စ် ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၁၄၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၈၀)နှင့် ကက်တမင်း ၇၀၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀)တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းထွန်းကျော်(ခ)စိုင်းပီးအား မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက် ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီး-မန္တလေးပြေးဆွဲသည့် JINBEI အမျိုးအစား  ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ဒေါ်နန်းချော (၇၄)နှစ်၊ ဆွာပင်ကျေးရွာ မတ္တရာမြို့နယ်နေသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၇၇ ဒသမ ၅ သိန်း)ဖမ်းဆီးရမိသဖြင့်    ဒေါ်နန်းချောအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု စိုက်ပျိုးရွာနေ အောင်ကျော်အေး(၃၂)နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၈ သိန်း) ဖမ်းဆီးရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင်ညောင်ရွှေမြို့နယ်  တောင်ပို့ကြီးကျေးရွာအနီးတွင် စိုင်းလင်းအောင်(၂၆)နှစ်၊ ကျားတွန်ကျေးရွာ ကျေးပေါခုံကျေးရွာအုပ်စု ညောင်ရွှေမြို့နယ် နေသူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား  ရပ်တန့်စစ်ဆေးရှာဖွေရာ  ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ    စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀) ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကျော်အေးနှင့် စိုင်းလင်းအောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။            


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)