ဖေဖော်ဝါရီ - ၇ ( စနေနေ့ )
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်နိုဝယ်ဘာရော့ က အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကို အီရန်ကျောထောက်နောက်ခံပြုအဖွဲ့များအနေနဲ့ ရှောင်ရှားရမည်ဖြစ်ပြီး မီးမပွားအောင် ထိန်းသိမ်းဖို့အတွက် အီရန်နှင့် အမေရိကန်တို့ကြား ဖြစ်လာနိုင်တဲ့ ဘယ်လိုစစ်ပွဲကိုမဆို ဝင်မပါကြဖို့ လက်ဘနွန်ကို သတိပေးလိုက်ပါတယ်။
ဘေရွတ်မြို့မှာ လက်ဘနွန် ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံပြီးနောက် ဘာရော့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် ဒေသတွင်း စစ်ရေး တင်းမာမှုသည် ကျနော်တို့ ရှောင်လွှဲရမည့် အန္တရာယ် ဖြစ်နိုင်ကြောင်း အီရန်နိုင်ငံအနေနဲ့ လိုက်လျောမှုများ ပြုလုပ်ရန်လိုကြောင်း နဲ့ သဘောထားတင်းမာမှုတွေကို ပြောင်းလဲရန်လိုကြောင်း ပြောခဲ့ပါတယ်။
သောကြာနေ့က အိုမန်တွင် အမေရိကန်နှင့် ပထမအကျော့ ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ အီရန်အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှု အစီအစဉ်၊ ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှု အစီအစဉ်များ နှင့် ဒေသတွင်း အကြမ်းဖက်အုပ်စုများကို ထောက်ပံ့မှုတို့ကို စွန့်လွှတ်ဖို့လိုကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်လက အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အစိုးရ ဖြိုခွင်းမှုအပြီးတွင် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် စစ်အင်အား ဖြည့်တင်းနေချိန်မှာ အိုမန် ဆွေးနွေးပွဲ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆန္ဒပြပွဲမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သဘောတူညီချက်မရရှိပါက စစ်ရေးအရ အရေးယူမယ်လို့ သတိပေးထားပြီး အီရန်ကလည်း ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့ကို လက်တုံ့ပြန်မယ်လို့ ပြန်ပြီး ခြိမ်းခြောက်ထားပါတယ်။
“အရှေ့အယ်ပိုင်းဒေသတွင်းမှာ ရန်လိုမှုတွေ တိုးမြင့်လာနေချိန်မှာ ဒေသတွင်းက အီရန် ကျောထောက် နောက်ခံပြုတဲ့ အဖွဲ့တွေဟာ တင်းမာမှုတွေ ပြင်းထန်သထက်ပြင်းထန်လာအောင် မလုပ်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင် အရှေ့အလယ်ပိုင်းနဲ့ အနီးတဝိုက်ဒေသတွေမှာ မတည်မငြိမ်မှု အကြီးအကျယ် ဖြစ်စေလာမှာပါ။ အခြေအနေကို ပိုဆိုးမသွားစေဖို့ အစွမ်းကုန် ထိန်းကျောင်းဖို့ လိုအပ်ပါတယ်” လို့ ဘာရော့ ကပြောသွားပါတယ်။
လက်ဘနွန်မှာက ဟစ်ဇ်ဘိုလာအဖွဲ့ကို ၂၀၂၃ ကတည်းက ထောက်ပံ့ရေးပေးမယ်ဆိုပြီး အစိုးရကိုယ်တိုင်က ခွင့်ပြုထားတာရှိပါတယ်။ အီရန် - အစ္စရေး ၁၂ ရက်ကြာစစ်ပွဲအတွင်းကလည်း ဟစ္စဘိုလာတွေက အီရန်ဘက်ကနေ အစ္စရေး မြောက်ပိုင်းဒေသတွေကို တိုက်ခိုက်ခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment