နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယား နိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံ သားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင် ရွက်လျက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီ ၇ ရက် ယနေ့တွင် ပဉ္စမအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသား ၉၀ ဦးသည် တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်းလိုင်း(MAI)နှင့် တပ်မတော် လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံ သား ၁၀၈၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံ ခရိုင်/ မြို့နယ် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံ၍ စားသောက် ဖွယ်ရာများ ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးသော မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment