ကော့မှူးမြို့နယ်‌ မှော်တောကျေးရွာ၌ ဆေးစိမ်ခြင်ထောင်များ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့မှူးမြို့နယ်‌ မှော်တောကျေးရွာ၌ ဆေးစိမ်ခြင်ထောင်များ ပေးအပ်



ကော့မှူး  ၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်‌၊ မှော်တောကျေးရွာ၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသော မိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသော မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀)နှစ်အထက်ရှိသော မိသားစုဝင်များအား‌ ယမန်နေ့နံနက်က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များပေးခြင်းကို မှော်တောကျေးရွာ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်းက ငှက်ဖျားရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ၊ ရောဂါသွင်ပြင်လက္ခဏာများ၊ ငှက်ဖျား‌ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ပြုမှုနေထိုင်‌ရှောင်ရှားသင့်သည်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာသူကျေးရွာသားများအား ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးအတွက် အခမဲ့ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)