ပြည်ပြေး ဝရမ်းပြေတွေမှာလည်း အများပြည်သူလေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ပွဲထုတ်ပြီး ပဒီးပဒါးတွေ နဲ့ အာချောင်နေကြပေမယ့် သူတို့ရဲ့ ပန်းတိုင်းကိုတော့ မရောက်နိုင်ရှာဘူး။ ရည်ရွယ်ချက် ပန်းတိုင်ကို မရောက်သည့်တိုင်အောင်လည်း အာချောင်တာကိုတော့ ရပ်တန့်မသွားပါဘူး။
အခုဆိုရင်ပဲ သေလုမျောပါးဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြည်ဖျက်မီဒီယာတွေက ပြန်ပြီး ပွဲထုတ်လာပြန်ပါပြီ။ သေမင်းနဲ့ နပန်းလုံးနေရတဲ့ အိုနာရွတ်တွကြီးကလည်း မရှက်မရောက် အာချောင်ပြန်တာပဲ။
ပြည်ဖျက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လချီးလ ဆိုတဲ့ ပုဂ္ဂိုလ်ကြီး က "ထိန်းချုပ်စိုးမိုးနယ်မြေများကို အာမခံချက်ပြည့်ဝသည့် လွတ်မြောက်နယ်မြေများအဖြစ် ဆက်လက် ဖော်ဆောင်ရန် တိုက်တွန်း ဆိုပဲ။
လချီးလရဲ့ အဆိုအရတော့ တော်လှန်ရေးတပ်များပေါ့။ ပြည်သူလူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော နယ်မြေများကို အာမခံချက်ပြည့်ဝသည့် လွတ်မြောက်နယ်မြေများအဖြစ် ဆက်လက် ဖော်ဆောင်ကြရန် NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင် လချီးလက တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
သူတို့ရဲ့ ထိန်းချုပ်နယ်မြေဆိုတာ PDF, CDF အစရှိသော အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှု ရှိနေသေးတဲ့ နယ်မြေတွေကို ပြောဆိုဟန် တူပါရဲ့။ ပြည်ပြေး ဝရမ်းပြေးတွေက ဆင်ခြင်တုံတရားမရှိတဲ့ PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အကြောင်းပြုပြီး ဂုဏ်ဆာနေခြင်းကြောင့်ပဲလားမသိ၊ အကြမ်းဖက်စခန်းတွေအပေါ်ကို ဗုံးဆံတွေ ပြုတ်ပြုတ်ကျနေတာကိုလည်း သတိပြုမိဟန်မတူဘူး။ အာမချောင်ဘူး၊ ပြည်သူလူထုကို ဒုက္ခပေးတာမျိုး မလုပ်ဘူးဆိုရင် ဗုံးဆံတွေက မကျပါဘူး။ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေပြီဆိုရင်တော့ ဗုံးဆံ၊ အမြောက်ဆံတွေက အော်တိုကျရောကလာတတ်ပါတယ်။ ဖလမ်းမြို့က CDF ငမိုက်သားတွေရဲ့ စခန်းတွေကိုလည်း ဗုံးဆံတွေ ကျလာလို့ဆိုပြီး အသံထွက်လာတာ တွေ့ရပါတယ်။
လချီးလ က "ဒီနေ့ အချိန်မှာ၊ ချင်းပြည်ဟာ ရာနှုန်းပြည့်နီးပါး ထိန်းချုပ်စိုးမိုးနယ်မြေတွေအဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။ ထိန်းချုပ်စိုးမိုးနယ်မြေတွေကို၊ အာမခံချက် ပြည့်ဝတဲ့ လွတ်မြောက်နယ်မြေတွေအဖြစ် ဆက်လက် ဖော်ဆောင်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်၊ အာမခံချက်ပြည့်ဝတဲ့ ချင်းပြည်လွတ်မြောက်ရေးကို စစ်ရေးအရ၊ နိုင်ငံရေးအရ တစ်ပြိုင်နက်တည်း ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ အဲသည့်အတွက် အရေးအကြီးဆုံးက အမျိုးသားရေးစုစည်းညီညွတ်မှုဖြစ်ပါတယ်။ ချင်းလူမျိုးတွေ အချင်းချင်း တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်နိုင်မှ၊ ချင်းပြည်တည်ဆောက်ရေးက အောင်မြင်မှာ ဖြစ်ပါတယ်။ ချင်းတွေ အချင်းချင်း “အင်အားတွေကို စုစည်းထားမှ” ချင်းပြည်လွတ်မြောက်ရေးအတွက် အာမခံချက်ရှိမှာ ဖြစ်ပါတယ်" ပြောပါသတဲ့ဗျာ။
ချင်းတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး အာချောင်နေခြင်းကြောင့် ချင်းပြည်မှာ အေးချမ်းစွာ နေထိုင်လို့ မရဘဲ အနယ်နယ်အရပ်ရပ်ကို ချင်းပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ CDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့က ငမိုက်သားတွေက အဓမ္မလူသစ်စုဆောင်းမှုတွေလုပ်လို့ ဆန္ဒပြမှုတွေ ဖြစ်နေတာကို သတိပြုမိဟန်မတူပါဘူး။ ဆင်ခြင်တုံဉာဏ်မွဲလွန်းတဲ့ လချီးလရဲ့ ပြောဆိုမှုတွေနဲ့ မြေပြင်မှာ ချင်းပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေက တခြားစီပါ။
ချင်းလူမျိုးများထဲမှာ အခက်အခဲတွေ ကြားထဲကနေ မိမိတို့သားသမီးများကို ပညာတတ်လေးတွေ ဖြစ်စေချင်ကြတယ်။ ချင်းပြည်နယ်မှာ အေးချမ်းစွာ ပညာသင်ကြားလို့ မရတဲ့အခါကြတော့ ကလေးတွေရဲ့ အနာဂတ်အတွက် နေပြည်တော်အပါအဝင် ဆွေမျိုးနီးစပ်ရှိရာ ဒေသတွေကို ပြောင်းရွှေ့အခြေချပြီး နေကြရတယ်။
လချီးလ ရဲ့ ပြောစကားတွေမှာ "စစ်အာဏာရှင်တွေဟာ လူမျိုးစုဒေသတွေကို၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးဖို့ တွန့်ဆုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်အခွင့်အရေးတွေ ပေးဖို့လည်း လျစ်လျှူရှုခဲ့ပါတယ်။ ချင်းအမျိုးသားနေ့အဖြစ် ပုံဖော်ကျင်းပခွင့်မပေးတဲ့ စစ်အာဏာရှင်တွေအနေနဲ့၊ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ကို ဘယ်လိုနည်းနဲ့မှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံး နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ချင်းလူငယ်မျိုးဆက်သစ်တွေနဲ့ ချင်းနိုင်ငံရေးခေါင်းဆောင်တွေအားလုံးက၊ ၂၀၂၁ နွေဦးတော် လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ဦးဆောင်ပြီး၊ ချင်းအမျိုးသားလွတ်မြောက်ရေးကို ဖော်ဆောင် နေကြတာထင်ရှားပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းအောင် တော်လှန်ပြီး၊ ချင်းအမျိုးသားခေါင်း ဆောင်အဆက်ဆက် လိုလားတောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရယူနိုင်ဖို့ /ချင်းပြည်သူလူထုရဲ့ ဆန္ဒနဲ့ /ထပ်တူပြုကြောင်း ပြောကြားလိုပါတယ်" ဟု စကားကြီး စကားကျယ်တွေ ပြောထားတာ တွေ့ရပါတယ်။
သေချာတာကတော့ အစိုးရကိုယ်တိုင်သည်လည်း ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ဖို့ လုပ်နေတယ်။ လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့ တောင်းဆိုလို့ မရဘူးဆိုတာကိုလည်း အတိအလင်း ပြောကြားထားပြီးသား ဖြစ်တယ်။ လချီးလ မသိတာက နိုင်ငံတော်အဆင့်မှာကိုပဲ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ချင်းလူမျိုးခေါင်းဆောင်များက အပြုသဘောဆန်ဆန် ဆွေးနွေးဆောင်ရွက်တဲ့ နေရာမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေကြပါတယ်။
လချီးလ ဆိုသူကတော့ ပြည်ပြေး ဝရမ်းပြေး အုပ်စုနဲ့ ပေါင်းပြီး ပြည်သူလူထုတစ်ရပ်လုံးကို သေကြောင်းကြံပြီး နိုင်ငံရေးလုပ်စားသူများထဲက တစ်ဦးသာ ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို စနစ်တကျဖော်ဆောင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်သင့် ပြင်ထိုက်သည်များကိုလည်း ပြင်ဆင်ဖို့ကို အကြိုညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဖြစ်သလို ၂၀၂၆ ခုနှစ်၊ မတ်လမှာ စတင်မယ့် တတိယအကြိမ်လွှတ်တော်မှာ အပြုသဘောဆန်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ တွေ့မြင်ရဖို့ ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မိစ္ဆာတွေကတော့ လမ်းဘေးကနေ ဟောင်နေရုံမျှတပါး အခြားမရှိပါ။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment