နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာမည်ဖြစ်ကြောင်း RCSS ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာမည်ဖြစ်ကြောင်း RCSS ထုတ်ပြန်




ရှမ်းပြည်၊ ဖေဖော်ဝါရီလ ၂၀ 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  က နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏ ၂၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးတို့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အစည်းအဝေးမှ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့သလို အကြံပေးအဖွဲ့ဝင် (၂) ဦး၊ ပေါ်လစီ ကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဌာနအသီးသီးအတွက် ဌာနမှူးများကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

ရှေ့လုပ်ငန်းစဉ်းများကိုလည်း ချမှတ်နိုင်ခဲ့ပြီး RCSS အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစုအဖွဲ့အသီးသီးနှင့် တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းသွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)