BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦး တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦး တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

 




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက် အားကိုးဖြင့် အနိုင် ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့များအချင်းချင်း အချိန်ကြာမြင့် လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့ တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံ လာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အဆိုပါသတင်းအား ထုတ်ပြန်ပြီး ဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာမှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်း ဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦး သည် လက်နက် မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ် စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံလုံခြုံရေး တပ်ဌာနချုပ်မှ တာဝန်ရှိသူ များက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီ များနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင် ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပြီး BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် တတိယ တာဝန်ခံအဆင့်ရှိသူ တို့၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင် ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)