အမရပူရ ၊ ဖေဖော်ဝါရီ ၂၈
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ကျွေးမွေးဆောင်တွင် ယမန်နေ့ နေလယ် ၁ နာရီခွဲ အချိန်က ဆင်စွယ်ပွတ်၊ မှန်တန်း၊ ရွှေဂွမ်းထုပ်၊ စျေးချို၊ လေးစုရပ်ကွက်များအတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားကို ပြုလုပ်ခဲ့သည်။
ဦးစွာ အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းအောင်က ဆန်များထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြော့ကြားခဲ့သည်။
ထို့နောက် လူတစ်ဦးလျှင် ဆန် ၁၂ ဆံ့အိတ်တစ်အိတ်နှုန်းဖြင့် လူဦးရေ ၆၆၅ ဦးအတွက် ဆန်အိတ် ၆၆၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)
https://t.me/MyanmarNationalPost
No comments:
Post a Comment