မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ‌ ယုဇနပလာဇာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ‌ ယုဇနပလာဇာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

 



မင်္ဂလာတောင်ညွန့် ၊  ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရန် ပြည်သူများ မီးသတိမူနိုင်ရေးအတွက် စျေးကြီးများ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးဦးဆောင်၍ ယမန်နေ့ (၁၂)နာရီအချိန်က မင်္ဂလာ‌တောင်ညွန့်မြို့နယ်အတွင်းရှိ ယုဇနပလာဇာဈေးတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးဦးဆောင်မှုဖြင့် ဗိုလ်တထောင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦးတို့က အဖွဲ့(၆)ဖွဲ့ခွဲပြီး ယုဇနပလာဇာစျေးမှ ဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ IT နည်းပညာ 191 Report Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရေး နည်းပညာအချက်အလက်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယုဇနပလာဇာဆိုင်ခန်း (၁၇၀၀)၊ အထပ်(၆)ထပ်ရှိ ဝန်ထမ်းများ၊ စျေးသူစျေးသားများ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် စျေးရှိအသင့်တပ်ဆင်ထားသော မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ထိန်းသိမ်းကိုင်တွယ်ငြှိမ်းသတ်နည်းစနစ်များအား အသိပညာပေးခြင်း၊ အထပ်တိုင်း၊ ဆိုင်ခန်းတိုင်းတွင် တပ်ဆင်ထားသော မီးသတ်ဆေးဘူး အသင့်သုံးစွဲနိုင်မှုအခြေအနေများအား လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်‌ပေးခဲ့ကြသည်။အဆိုပါ ယုဇနပလာဇာစျေး မီးဘေးလုံခြုံရေး အသိပညာပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)