လွိုင်လင်မြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရေးနေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်လင်မြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရေးနေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်




လွိုင်လင်  ၊ ဖေဖော်ဝါရီ ၂၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လွိုင်လင်မြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရေးနေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ပါသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်က အမှာစကားပြောကြားပြီးနောက် လွိုင်လင်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ထောက်ပံ့ ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၁) ရွာမှ နေအိမ် (၃၀၀) လုံးအတွက် ထောက်ပံ့ငွေကို ခရိုင်ဦးစီးမှူးကပေးအပ်ရာ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်က လက်ခံရယူပါသည်။အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)