သပိတ်ကျင်း၊ ဖေဖော်ဝါရီ ၆
သပိတ်ကျင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
သပိတ်ကျင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် နယ်မြေခံတပ်ရင်းတို့ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းနှင့် မျက်နှာစာတို့ရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်များ၊ ပေါင်းမြက်များနှင့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စုစုပေါင်း အင်အား (၁၂၀) ဦးခန့် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း သန့်ရှင်းသာယာရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment