မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နွေစပါး၊ နွေသီးနှံမျိုးစေ့များနှင့် သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နွေစပါး၊ နွေသီးနှံမျိုးစေ့များနှင့် သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်



ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး၊ နွေသီးနှံမျိုးစေ့များနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စပါးသီးနှံ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ သီးနှံဖူလုံရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ အရည်အသွေးမီသွင်းအားစုများ အချိန်ကိုက်အချိုး ကျသုံးစွဲစေရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ တိုးတက်စေရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုင်ရာလုပ်ငန်းများဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးကို အဓိက ရည်ရွယ်၍ အရည်အသွေးကောင်း၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် သွင်းအားစုများကို ဖြန့်ဖြူးပေးခြင်း ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်  သီးနှံစိုက်ပျိုးအထွက်နှုန်းများ၊ ထုတ်လုပ်မှုများတိုးတက်အောင်မြင်စေရန် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ကို စနစ်တကျလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စပါးသီးနှံ  ဧက ၁၀၀၀ အတွက် စပါးမျိုးစေ့အိတ်များ၊ ဝါသီးနှံ ဧက ၅၀၀ အတွက် ဝါမျိုးစေ့အိတ်များ၊ နှမ်းသီးနှံ ဧက ၂၀၀ အတွက် နှမ်းမျိုးစေ့အိတ်များ၊ ကော်ဖီသီးနှံ ဧက ၃၀ အတွက် ကော်ဖီမျိုးစေ့ အိတ်များ၊ ပိုက်ဆံလျှော်  ဧက ၁၀၀၀ အတွက် ပိုက်ဆံလျှော်မျိုးစေ့အိတ်များ၊ စိုက်ပျိုး သီးနှံဧက ၁၀၀၀ အတွက် သွင်းအားစု မြေဩဇာအိတ်များကို တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား လိုက်လံနှုတ်ဆက် အားပေးပြီး တောင်သူများထံ ဖြန့်ဝေပေးသည့် စပါး မျိုးစေ့များ၊ နှမ်းမျိုးစေ့များ၊ မိုးကြိုဝါမျိုးစေ့များ၊  ပိုက်ဆံလျှော်မျိုးစေ့များနှင့် သွင်းအားစုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


ချမ်းမြေ့မောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)